Local: ထိုင်းပြေးခုန်ပစ် ချန်ပီယံရှစ်မှာ မြန်မာ ရွှေရ

သန်းသန်းစိုးဟာ  အိမ်ရှင်ထိုင်းအားကစားသမားတွေကို  ကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

 

ထိုင်း  ပြေးခုန်ပစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံဟာ  ရွှေတံဆိပ်တစ်ခုနဲ့ ငွေတံဆိပ်နှစ်ခု ရရှိခဲ့တယ်လို့ သိရပါတယ်။ ထိုင်းအလွတ်တန်းချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲကို ဇူလိုင် ၄ ရက်ကနေ  ၇ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တီးမားဆပ် တက္ကသိုလ်အားကစားကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ သန်းသန်းစိုးဟာ  အိမ်ရှင်ထိုင်းအားကစားသမားတွေကို  ကျော်ဖြတ်ပြီး ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  ငွေတံဆိပ်နှစ်ခုကို အမျိုးသမီး မီတာ ၅,၀၀၀ နဲ့ မီတာ ၁၀,၀၀၀ အပြေးပြိုင်ပွဲနှစ်ခုမှာ ခင်မာဆယ်တစ်ယောက်တည်းက ရယူပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အဆိုပါပြေးခုန်ပစ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၆ နိုင်ငံက အားကစားသမား ၁၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ