Local: ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ်ရောက်အသင်းတွေ ပေါ်ထွက်လာ

ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၁၃ နဲ့ ၂၀ ရက်တွေမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ ဦးစီးကျင်းပနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပွဲ ၁၆ အသင်းအဆင့်ပွဲစဉ်တွေအပြီးမှာ ရန်ကုန်၊ ဟံသာဝတီ၊ မြ၀တီ၊ ရတနာပုံ၊ မကွေး၊ ရှမ်းယူနိုက်တက်၊ ဇွဲကပင်နဲ့ ရခိုင်ယူနိုက်တက်အသင်းတွေက ကွာတားဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုတော့ လာမယ့် ဇူလိုင် ၁၃ နဲ့ ၂၀ ရက်တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဇူလိုင် ၁၃ ရက် အောင်ဆန်းကွင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဟံသာဝတီ၊ သုဝဏ္ဏကွင်းမှာ မြ၀တီအသင်းနဲ့ ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

play

 

ဇူလိုင် ၂၀ ရက်နေ့မှာတော့ အောင်ဆန်းကွင်းမှာ မကွေးအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်း၊ သုဝဏ္ဏကွင်းမှာ ဇွဲကပင်အသင်းနဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ရတနာပုံအသင်းနဲ့ ကစားရမယ့် မြ၀တီအသင်းက လိဂ်-၂ ပြိုင်ပွဲကနေ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်လာတဲ့  တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။

play

 

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင် ၃၀ နဲ့ ၃၁ ရက်တွေမှာ ယှဉ်ကစားကြမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲတွေကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Source & Photos : MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ