Local: အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်း ဗိုလ်စွဲနိုင်တယ်လို့ ထိုင်းနည်းပြပြော

ထိပ်သီးအသင်းဖြစ်တဲ့အပြင် အိမ်ရှင်လည်းဖြစ်တာကြောင့် သတိထားရမယ်လို့ ပြောပါတယ်။

play
မြန်မာအသင်းနည်းပြနှင့် ထိုင်းအသင်းနည်းပြတို့ကို ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်။

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ အိမ်ရှင်မြန်မာအသင်း ချန်ပီယံဖြစ် နိုင်တယ်လို့ ထိုင်းအမျိုးသမီးဘောလုံးအသင်းနည်းပြ အင်္ဂလန်လူမျိုးနည်းပြ စပန်ဆာက ပြောလိုက်ပါတယ်။

ဇူလိုင်လ ၉ ရက်နေ့က မန္တလေးမြို့မှာကစားခဲ့တဲ့ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အကြိုခြေစမ်းပွဲမှာ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်း ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီးနောက်ပိုင်း အခုလိုပြောလိုက်တာပါ။

play

 

“မြန်မာအမျိုးသမီးအသင်းက အာဆီယံမှာထိပ်တန်းအသင်းပါ။ လာမယ့် အာဆီယံပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေရှိတဲ့အသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့အဆင့်နည်းပြတစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ထိပ်သီးအသင်းဖြစ်တဲ့အပြင် အိမ်ရှင်လည်းဖြစ်တာကြောင့် သတိထားရပါမယ်” လို့  စပန်ဆာက ပြောခဲ့ပါတယ်။

မြန်မာအမျိုးသမီးအသင်းက လာမယ့် သြဂုတ်လ ၂၄ ရက်မှာ မန္တလေးမြို့မှာစတင် ကျင်းပမယ့်  အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ)မှာ တီမော၊ မလေးရှား၊ သြစတြေးလျတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဇူလိုင် ၂၇ ရက်မှာ တီမောအသင်းနဲ့ စတင် ကစားရမှာ ဖြစ်ပါတယ်။

Source : Mizzima

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ