Local: သြစတြေးလျနဲ့ သရေကျခဲ့တဲ့ မြန်မာ ယူ-၁၆ အသင်းပွဲစဉ်တွေကို ပြသဖို့ မြန်မာဘောလုံးအဖွဲ့ချုပ် ကြိုးစားနေ

, updated

မြန်မာ ယူ-၁၆ အသင်းပွဲစဉ်တွေကို ပြသဖို့ ဒေါ်လာငါးသောင်း အကုန်ကျခံမယ်။

play

 

အာဆီယံ ပြိုင်ပွဲဝင်နေတဲ့ မြန်မာအသင်းရဲ့ ပွဲစဉ်တွေကို ပြသဖို့အတွက် မြန်မာဘောလုံးအဖွဲ့ချုပ်ဟာ ညှိုနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ကာ ပြသခွင့် ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတာဖြစ်ပြီး ပြသခွင့်ရဖို့အတွက် ကမ္ဘောဒီးယားရုပ်သံတစ်ခုနဲ့ ညှိုနှိုင်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။  မြန်မာ ယူ-၁၆ အသင်းပွဲစဉ်တွေကို ပြသဖို့ ဒေါ်လာငါးသောင်း အကုန်ကျခံမယ်လို့လည်း သိရပါတယ်။  မြ၀တီရုပ်မြင်သံကြားရဲ့ အကူအညီနဲ့တိုက်ရိုက်ပြသသွားဖို့ ပြည်တွင်းမှာ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

play

 

မြန်မာယူ-၁၆ အသင်းဟာ သြစတြေးလျအသင်းနဲ့ အုပ်စုပွဲကစားရာမှာ သရေကျထားပါတယ်။

Photos & Source: MFF(Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ