Local: အာဆီယံ ယူ-၁၆ ပွဲကို မြဝတီက ပြမယ်

ဇူလိုင် ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်မယ့် မြန်မာ-စင်္ကာပူပွဲကို စတင်ပြသမယ်လို့ သိရပါတယ်။

play

 

အာဆီယံ ယူ - ၁၆ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ ၁၆အသင်းရဲ့ ပွဲစဉ်တွေကို  မြဝတီနဲ့ Myawady Variety Channel တို့ကနေ တိုက်ရိုက်ထုတ်လွှင့်မယ်လို့ သိရပါတယ်။

အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင်ကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဇူလိုင် ၁၀ ရက်ကနေ ၂၃ ရက် အထိ ကျင်းပမှာဖြစ်ပါတယ်။  ရုပ်သံပြသခွင့်ကို အမေရိကန်ဒေါ်လာငါးသောင်းနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဝယ်ယူခဲ့တာဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်မယ့် မြန်မာ-စင်္ကာပူပွဲကို စတင်ပြသမယ်လို့ သိရပါတယ်။

 မြန်မာ ယူ-၁၆ အသင်းဟာ အုပ်စု(က) မှာ သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် တို့နဲ့  တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပြီး  သြစတြေးလျအသင်းနဲ့ ကန်ရာမှာ  တစ်ဂိုးစီ သရေကျထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ