Local: စင်ကာပူကို အနိုင်ရအောင်ကစားမယ့် မြန်မာ ယူ-၁၆ အသင်း

ဒီပွဲနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ အလားအလာ ကောင်းသွားမှာပါ။

play
စင်ကာပူပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ ယူ-၁၆ အသင်းသားများ။

 

ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံယူ-၁၆ ဘောလုံးပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်ရဲ့ ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ-၁၆ ဘောလုံးအသင်းက စင်ကာပူ ယူ-၁၆ အသင်းနဲ့ ဒီနေ့ ညနေ ၆ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားတော့မှာပါ။

မြန်မာအသင်းက ဇူလိုင်လ ၁၀ ရက်နေ့မှာ ကစားခဲ့တဲ့ သြစတြေးလျနဲ့ပွဲစဉ်မှာ တစ်ဂိုးစီ သရေကျခဲ့တာကြောင့် ဒီပွဲမှာအနိုင်ရခဲ့ရင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အလားအလာကောင်းသွားပြီလို့ ပြောလို့ ရပါတယ်။

play

 

မြန်မာအသင်းရဲ့ နည်းပြချုပ်ဦးညီညီလတ်ကတော့ စင်ကာပူအသင်းကိုအနိုင်ကစားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။

အုပ်စု(က)မှာကျရောက်နေတဲ့ မြန်မာအသင်းက သြစတြေးလျ၊ စင်ကာပူ၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင် စတဲ့အသင်းတွေနဲ့ တွေ့ဆုံနေပြီး အုပ်စု(ခ)မှာတော့ အိမ်ရှင်ကမ္ဘောဒီးယားနဲ့အတူ ထိုင်း၊ လာအို၊ အရှေ့တီမောနဲ့ ဘရူနိုင်းအသင်းတို့ တွေ့ဆုံနေပါတယ်။

play

 

မြန်မာအသင်းယှဉ်ပြိုင် ကစားမယ့် ပွဲစဉ်အားလုံးကို မြ၀တီရုပ်မြင်သံကြား(MWD)နဲ့ Myawady Variety Channel တွေကနေ တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမယ်လို့ သိရပါတယ်။

မြန်မာအသင်း ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များ

၁၂- ၇- ၂၀၁၆ မြန်မာ Vs စင်ကာပူ (၆း၀၀)နာရီ

၁-၇-၂၀၁၆ မြန်မာ Vs ဗီယက်နမ် (၃း၀၀)နာရီ

၁၆-၇-၂၀၁၆ မြန်မာ Vs မလေးရှား (၆း၀၀)နာရီ

၁၈-၇-၂၀၁၆ မြန်မာ Vs ဖိလစ်ပိုင် (၃း၀၀)နာရီ

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ