Local: ဟံသာဝတီနဲ့ ရန်ကုန်၊ ရတနာပုံနဲ့ မြဝတီတို့ ယှဉ်ပြိုင်မယ့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားဖိုင်နယ်

ဇူလိုင် ၁၃ ရက် ညနေ ၄ နာရ်ီမှာ ရန်ကုန်မြို့အောင်ဆန်းကွင်းနဲ့ သုဝဏ္ဏကွင်းမှာ ကစားကြမှာပါ။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျင်းပနေတဲ့ ၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမပတ်ပွဲစဉ်တွေကို ဟံသာဝတီနဲ့ ရန်ကုန်၊ ရတနာပုံနဲ့ မြ၀တီအသင်းတို့ ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။

ဇူလိုင် ၁၃ ရက် ညနေ ၄ နာရီ ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ဟံသာဝတီနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားရမှာဖြစ်ပြီး သုဝဏ္ဏကွင်းမှာ ရတနာပုံနဲ့ မြ၀တီအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

play

 

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ကွာတားအဆင့်ကို  မြန်မာလိဂ်-၂ က မြ၀တီအသင်းတစ်သင်းပဲ တက်ရောက်လာပြီး ကျန်အသင်းတွေက မြန်မာ လိဂ်-၁ ပြိုင်ပွဲဝင် အသင်းတွေဖြစ်ပါတယ်။ ဟံသာဝတီအသင်းက (၁၆)သင်း ရှုံးထွက်အဆင့်မှာ မနောမြေအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရန်ကုန်အသင်းက မဟာအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ကွာတားအဆင့်ကို တက်ရောက်ခဲ့တာပါ။

ရတနာပုံအသင်းက (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ Horizon အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မြ၀တီအသင်းက ဇေယျာရွှေမြေ အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ