Local: ကွာတားဖိုင်နယ်တက်ဖို့ နိုင်ပွဲအနည်းဆုံးနှစ်ပွဲ လိုအပ်နေတဲ့ မြန်မာ ယူ-၁၆ အသင်း

ဗီယက်နမ်အသင်းနဲ့ မလေးရှားအသင်းတို့ကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

play

 

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂ဝ၁၆ အာဆီယံ ယူ-၁၆ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် မြန်မာယူ-၁၆ အသင်းအနေနဲ့ နောက်ထပ်နိုင်ပွဲနှစ်ပွဲ လိုအပ်နေသေးတယ်။

လက်ရှိအချိန်မှာ မြန်မာယူ-၁၆ အသင်းက အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ သြစတြေးလျနဲ့ တစ်ဂိုးစီသရေကျထားပြီး စင်ကာပူအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရထားလို့ အုပ်စုအဆင့်ကနေ ကျော်လွှားဖို့ အခြေနေကောင်းနေပေမဲ့ နောက်ထပ်နိုင်ပွဲနှစ်ပွဲရမှပဲ ကွာတားဖိုင်နယ်ကို စိတ်ချလက်ချတက်ရောက်နိုင်မှာပါ။

play

 

မြန်မာလူငယ်အသင်းက လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့မှာ အုပ်စုထဲမှာ နိုင်ပွဲနှစ်ပွဲရထားတဲ့ အင်အားကြီး ဗီယက်နမ်အသင်းနဲ့ ကစားရမှာဖြစ်သလို ဇူလိုင်လ ၁၆ ရက်နေ့မှာလည်း မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ ဒီနှစ်ပွဲကို အနိုင်ရမှပဲ မြန်မာအသင်းနောက်တစ်ဆင့်တက်ဖို့ သေချာမှာဖြစ်ပါတယ်။

play

 

စင်ကာပူအသင်းကို အနိုင်ရခဲ့တဲ့ မြန်မာအသင်းရဲ့ခြေစွမ်းက အကောင်းဆုံးပုံစံရခဲ့ပြီး ဒီခြေစွမ်းကိုပဲဆက်ထိန်းထားနိုင်မယ်ဆိုရင် နောက်လာမယ့်ပွဲတွေမှာ အခြေအနေကောင်းနိုင်တယ်လို့ ပြည်တွင်းဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

အာဆီယံ ယူ-၁၆ ပြိုင်ပွဲမှာ မြန်မာလူငယ်အသင်းက  ၂ဝဝ၂ခုနှစ်နဲ့ ၂ဝဝ၅ ခုနှစ်တွေမှာ ဗိုလ်စွဲထားနိုင်ခဲ့ပြီး ဗိုလ်လုပွဲကို လေးကြိမ်တက်ရောက်ထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ