Local: ယုံကြည်မှု မြင့်မားနေတဲ့ မြန်မာအမျိုးသမီး အသင်း

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေပါတယ်။

 

ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းကို အနိုင်ရတာကြောင့်  မြန်မာအသင်းဟာ  ယုံကြည်မှု ပိုမိုအားကောင်းလာတယ်လို့ အသင်းရဲ့  နည်းစနစ်ဒါရိုက်တာ ဦးအေးမောင်ကြီးက ပြောကြားထားကြောင်း သိရပါတယ်။

ခြေစမ်းပွဲမှာ အနိုင်ရခဲ့တာဖြစ်ပေမဲ့ အနိုင်ရလဒ်က အားတစ်ခု ဖြစ်ခဲ့ပြီး ထိုင်းအသင်းကလည်း အဓိက ကစားသမားတွေ ထည့်သွင်းအသုံးပြုသွားခဲ့တယ်လို့ ဦးအေးမောင်ကြီးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

 ဇူလိုင် ၉ ရက်က မန္တလေးမြို့မှာ  ထိုင်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာ တိုက်စစ်မှူး ရီရီဦးရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေပြီး မြန်မာ အမျိုးသမီးအသင်းဟာ အုပ်စု(ခ) မှာ  သြစတြေးလျ ယူ-၂၀၊ မလေးရှား၊ တီမောအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily,MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ