Local: ဗီယက်နမ်ကို ခြေစွမ်းမယှဉ်နိုင်ဘဲ ဂိုးပြတ်ရှုံးခဲ့တဲ့ မြန်မာယူ-၁၆ အသင်း

နောက်တဆင့်တက်နိုင်ဖို့ လက်ကျန်ပွဲတွေအကုန်လုံးကို အနိုင်ရအောင်ကစားဖို့ လိုအပ်နေပါတယ်။

play

 

ကမ္ဘေဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(က)ပွဲစဉ်တွေမှာ မြန်မာယူ-၁၆ ဘောလုံးအသင်းက ဗီယက်နမ်အသင်းကို ၅ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် နိုင်ပွဲနှစ်ပွဲလိုအပ်နေတဲ့ မြန်မာအသင်းက ပွဲအစကတည်းက ဗီယက်နမ်အသင်းရဲ့ ဖိအားပေးကစားတာကို ခံခဲ့ရပါတယ်။ မြန်မာလူငယ်အငယ်အသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်းမှာ ဗီယက်နမ်အသင်းကို မယှဉ်နိုင်တာကိုတွေ့ခဲ့ရပါတယ်။

play

 

ပွဲချိန် ၁၅ မိနစ်မှာ မြန်မာအသင်းက အလွတ်တည်ကန်ဘောကနေ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု များတဲ့ ဗီယက်နမ်အသင်းက အနိုင်ဂိုးတွေ ဆက်တိုက်သွင်းတာကို ခွင့်ပြုခဲ့ရပါတယ်။

ဒီပွဲရလာဒ်ကြောင့် မြန်မာအသင်းက နောက်တဆင့်တက်နိုင်ဖို့ လက်ကျန်ပွဲတွေအကုန်လုံးကို အနိုင်ရအောင်ကစားဖို့ လိုအပ်နေပြီး အမှားအယွင်းခံလို့ မရတဲ့အနေတဲ့ အထားကို ရောက်သွားပြီးလို့ ဆိုရမှာပါ။

play

 

မြန်မာလူငယ်အသင်းက လာမယ့် ဇူလိုင်လ ၁၆ ရက်နေ့မှာ မလေးရှာအသင်းနဲ့ ကစားရမှာဖြစ်သလို ဇူလိုင်လ ၁၈ ရက်နေ့မှာလည်း ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ ဒီနှစ်ပွဲကို အနိုင်ရမှပဲ မြန်မာအသင်းနောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိမှာ ဖြစ်ပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ