Local: ကမ္ဘာ့အဆင့်တက်သွားတဲ့ မြန်မာဘောလုံးအသင်း

အရှေ့တောင် အာရှမှာတော့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

play

 

ဇူလိုင်လအတွက် ထုတ်ပြန်တဲ့ ဖီဖာရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာလက်ရွေးစင်အမျိုးသားဘောလုံးအသင်းဟာ ယခင်လထက် အဆင့်တစ်ဆင့်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

 ဇူလိုင် ၁၄ ရက်က ထုတ်ပြန်တဲ့  ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာအသင်းဟာ ရမှတ် ၁၆၇ မှတ်ရရှိခဲ့တာဖြစ်ပြီး  အဆင့် ၁၆၀ နဲ့ ယခင်လထက် တစ်ဆင့်မြင့်တက်တာ ဖြစ်ပါတယ်။ အာရှအဆင့်မှာ မြန်မာအသင်းဟာ အဆင့် ၂၉ ရရှိနေပြီး အရှေ့တောင် အာရှမှာတော့ အဆင့် ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထိုင်းအသင်းဟာ ကမ္ဘာ့အဆင့် ၁၂၁ ဖြင့် ဦးဆောင်ထားပြီး ဖိလစ်ပိုင်အသင်းက ၁၃၅ ၊ ဗီယက်နမ်အသင်းက ၁၃၉၊ စင်ကာပူအသင်းက ၁၅၈၊ မလေး ရှားအသင်းက ၁၆၇၊ လာအို အသင်းက ၁၇၇၊ ကမ္ဘောဒီးယားအသင်းက ၁၈၀၊ တီမောအ သင်းက ၁၈၅၊ အင်ဒိုနီးရှားအသင်းက ၁၉၁နဲ့  ဘရူနိုင်းအသင်းက ကမ္ဘာ့အဆင့် ၁၉၈တို့ ရရှိထားပါတယ်။

Source: 7Day Daily
Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ