Local: ရဲသွေးနီနဲ့ အယ်လ်ဂိုရှော့ဗ်အာဇာမက်တို့ ယှဉ်ပြိုင်ထိုးသတ်မယ့် ကမ္ဘာ့ချန်ပီယံလုပွဲ

မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံလုပွဲ ၅၄ ကီလိုတန်းမှာ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။

play

 

လာမယ့်သြဂုတ်လ ၂၁ ရက်နေ့မှာ ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံ လေလုံကားကစားရုံမှာ  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ပထမအကြိမ် မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံလုပွဲ ၅၄ ကီလိုတန်းမှာ ရွှေခါးပတ်ချန်ပီယံရဲသွေးနီနဲ့ ကာဇက်စတန်လက်ဝှေ့သမား အယ်လ်ဂိုရှော့ဗ်အာဇာမက်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့သိရပါတယ်။

ရဲသွေးနီက ၂၀၁၆ ရွေခါးပတ်ချိန်ပီယံပြိုင်ပွဲ ၅၄ကီလိုတန်းမှာ ရွှေခါးပတ်ချန်ပီယံဖြစ်ပြီး ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ၅၄ကီလိုတန်းမှာ ယှဉ်ပြိုင်ထိုးသတ်မှာဖြစ်ပါတယ်။  အယ်လ်ဂိုရှော့ဗ်အာဇာမက်(ကာဇက်စတန်)က အရပ် ၅ပေ၊ ၇လက်မ ၊ အသက်(၂၄)နှစ်ဖြစ်ပြီး ကာဇက်စတန်နိုင်ငံလုံးဆိုင်ရာ မြန်မာ့လက်ဝှေ့ချန်ပီယံနဲ့ ဥရောပအာရှ- မြန်မာ့ လက်ဝှေ့ချန်ပီယံဖြစ်ကာ စုစုပေါင်း ၁၇ပွဲထိုးသတ်ထားပြီး ၁၂ ပွဲနိုင် ၊ ငါးပွဲ ရှုံးနိမ့်ထားတယ်လို့ ဆိုပါတယ်။

play

 

မြန်မာ့လက်ဝှေ့ မျိုးဆက်သစ်လက်ဝှေ့ကစားသမား ရဲသွေနီအနေနဲ့ အသက်(၁၉)နှစ်၊ အရပ် ၅ပေ ၄လက်မရှိပြီး ပြိုင်ပွဲပေါင်း ၆၉ပွဲ ထိုးသတ်ခဲ့ရာမှာ ၃၇ပွဲနိုင်၊ ၃၀ပွဲ သရေနဲ့နှစ်ပွဲ  ရှုံးနိမ့်ထားပြီး ၂၀၁၅၊ ၂၀၁၆ ရွှေခါးပတ်နှစ်ကြိမ် ရရှိထားသူလည်းဖြစ်ပါတယ်။

Source & Photos : Standard Time Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ