Local: တစ်ယောက်လျော့ မလေးရှားကို ရှုံးနိမ့်ပြီး ကွာတားအဆင့်ကို မြန်မာအသင်း နှုတ်ဆက်

ပွဲချိန်တစ်လျောက်လုံးတိကျသေချာတဲ့ ဂိုးသွင်းခွင့် မရခဲ့ပါဘူး။

play

 

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ အာဆီယံယူ-၁၆ ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(က)  စတုတ္ဘပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ မြန်မာအသင်းက တစ်ယောက်လျော့ မလေးရှားအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။

play

 

ဒီနေ့ပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အနိုင်ရရှိဖို့ အရေးကြီးနေတာကြောင့် တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် အဆုံးသတ်မသေချာတာတွေကြောင့် နှစ်သင်းစလုံးဂိုးမရရှိခဲ့ပါဘူး။ မြန်မာအသင်းရဲ့ တိုက်စစ်ကလည်း အရင်ပွဲတွေနဲ့မတူဘဲ အဆုံးသတ်အားနည်းနေတာကြောင့် ပွဲချိန်တစ်လျောက်လုံးတိကျသေချာတဲ့ ဂိုးသွင်းခွင့် မရခဲ့ပါဘူး။

play

 

ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက တိုက်စစ်ပုံစံမပြောင်းဘဲ ဆက်လက်ကစားခဲ့ရာမှာ မလေးရှားအသင်းက မြန်မာအသင်းကို ကစားပုံးကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြပြီးအထုတ်ခံခဲ့ရတဲ့နောက်ပိုင်းမှာလည်း အသာစီးနဲ့ မကစားနိုင်ဘဲ ပွဲပြီးခါနီး ၈၄ မိနစ်မှာ နောက်ခံလူတွေရဲ့ အမှားကနေ မလေးရှားအသင်းက ဘင်ဂျာဇီက သွင်းယူသွားတဲ့ အနိုင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်။

play

 

ဒီပွဲရလာဒ်ကြောင့် မြန်မာအသင်းရဲ့ အုပ်စုတက်နိုင်မယ့် အခွင့်အရေးလည်း ပျောက်ကွယ်သွားခဲ့ပြီး အုပ်စု ပထမ ဗီယက်နမ်အသင်းနဲ့ သြစတြေးလျအသင်းတို့ကတော့ နောက်တဆင့် တက်ရောက်ဖို့ ကြိမ်းသေသွားခဲ့ပြီး ဖြစ်ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ