Local: အာရှပစိဖိတ် ဂေါက်သီးရိုက်ပြိုင်ပွဲမှာ မြန်မာ ပထမရ

, updated

ဖူးပွင့်ရတီခိုင်က စုစုပေါင်း ရိုက်ချက် ၂၄၁ ချက်နဲ့ ပထမရခဲ့တာ ဖြစ်ပါတယ်။

play

 

အာရှ ပစိဖိတ်ဒေသဆိုင်ရာ ဂေါက်ရိုက်ပြိုင်ပွဲတစ်ခုမှာ မြန်မာနိုင်ငံက ပထမရရှိခဲ့တယ်လို့ သိရပါတယ်။

စကော့တလန်နိုင်ငံမှာ  ကျင်းပနေတဲ့ လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ (The Junior Open Championship 2016)ရဲ့ အာရှ ပစိဖိတ်ဒေသပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဖူးပွင့်ရတီခိုင်က ပထမရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

အဆိုပါပြိုင်ပွဲကို ဇူလိုင် ၁၁ ရက်ကနေ ၁၃ ရက်ထိ ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံမှ ဟိန်းစည်သူနဲ့ ဖူးပွင့်ရတီခိုင်တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

play

 

နိုင်ငံပေါင်း ၇၅ နိုင်ငံက  လူပေါင်း ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဖူးပွင့်ရတီခိုင်က စုစုပေါင်း ရိုက်ချက် ၂၄၁ ချက်နဲ့ ပထမရခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားပြိုင်ပွဲမှာ ဟိန်းစည်သူကတော့  အဆင့်သတ်မှတ်ချက် ၅၇ နေရာမှာ ရှိခဲ့တယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily, Myanmar Golf Federation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ