Local: ရာသီမကုန်ခင် ချန်ပီယံဖြစ်ခဲ့တဲ့ ရတနာပုံ အက်ဖ်စီ

ပြိုင်ပွဲပြီးဆုံးဖို့ လေးပွဲကျန်သေးပေမဲ့ ရာသီမကုန်ခင်မှာပဲ ဗိုလ်စွဲနိုင်ခဲ့တာပါ။

play

 

၂၀၁၆ အူရီးဒူး မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲမှာ ရတနာပုံအသင်းက ပြိုင်ပွဲပြီးဆုံးဖို့ လေးပွဲကျန်သေးပေမဲ့ အမှတ်ပေးဇယား ဒုတိယနေရာက မကွေးအသင်းကို ၁၅မှတ် ဖြတ်ထားနိုင်တာကြောင့် ရာသီမကုန်ခင်မှာပဲ ဗိုလ်စွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၇ ရက်က ဗထူးကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာလိဂ်ပွဲစဉ် (၁၈) မှာ ရတနာပုံက ဇွဲကပင်ယူနိုက်တက်အသင်းကို ၀င်းနိုင်စိုးရဲ့ တစ်လုံးတည်းသောဂိုးနဲ့အနိုင်ရရှိပြီး အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့တာပါ။

play

 

ရတနာပုံအသင်းက မြန်မာလိဂ် အမှတ်ပေးချန်ပီယံဆုကို ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၄ ရာသီတွေမှာရရှိခဲ့ပြီး ဒီနှစ်မှာ လေးကြိမ်မြောက် ရရှိခဲ့တာဖြစ်လို့ ရန်ကုန်အသင်းနည်းတူ လေးကြိမ်မြောက် ဆုဖလားရယူနိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မြန်မာလိဂ် ပွဲစဉ်(၁၈)အပြီးမှာ ရတနာပုံအသင်းက ၁၅ ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၄၇ မှတ်နဲ့ ဒုတိယနေရာက မကွေးအသင်းကို ၁၅ မှတ်အကွာနဲ့ ချန်ပီယံဆုကို ပြိုင်ပွဲမပြီးဆုံးခင် ရယူနိုင်ခဲ့တာပါ။

Source & Photos : 7Daydaily,yadanarponfc

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ