Local: ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ဖိလစ်ပိုင်ကို အနိုင်ရခဲ့တဲ့ မြန်မာ ယူ-၁၆ အသင်း

, updated

ကွာတားဖိုင်နယ်ကိုမတက်ရောက်နိုင်တော့ပေမဲ့ ဖိလစ်ပိုင်အသင်းကို အနိုင်ရဖို့ အားထည့်ကစားခဲ့ပါတယ်။

play

 

၂၀၁၆ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုက နောက်ဆုံးပွဲစဉ်တွေမှာ မြန်မာယူ-၁၆ အသင်းက ပြိုက်ဘက် ဖိလစ်ပိုင်အသင်းကို ၃-၀ နဲ့အနိုင်ရခဲ့ပါတယ်။

ဒီနေ့ပွဲရဲ့ အနိုင်အရှုံးက မြန်မာလူငယ်အသင်းအတွက် အရေးမပါတော့ပေမဲ့ ဖိလစ်ပိုင်အသင်းကို အနိုင်ရဖို့ အားထည့်ကစားခဲ့တာကို တွေ့ရပါတယ်။ မြန်မာအသင်းက ပထမပိုင်းမှာ အပိုင်ဂိုးသွင်းခွင့်တွေလွဲချော်ခဲ့ရပြီး ဒုတိယပိုင်းမှ အနိုင်ဂိုးတွေရရှိခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ပထမပိုင်းလိုပဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၉ မိနစ်မှာ ၀င်းနိုင်ထွန်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘိုဘိုအောင်က ပွဲချိန် ၆၇ မိနစ်မှာ ဒုတိယဂိုးနဲ့ မိနစ် ၈၀ မှာ ဟိန်းထက်အောင်က တတိယအနိုင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။

၂၀၁၆ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို အုပ်စု(က)မှာ ဗီယက်နမ်အသင်းနဲ့ သြစတြေးလျအသင်းတို့ တက်ရောက်သွားခဲ့ပြီး အုပ်စု(ခ)မှာတော့ ထိုင်းအသင်းနဲ့ ကမ္ဘေဒီယားအသင်းတို့ တက်ရောက်သွားခဲ့လို့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ