Local: ၂၀၁၇ ဆီးဂိမ်းမှာ ဆုရနိုင်မယ့် အားကစားနည်းတွေပဲ ဝင်ပြိုင်မယ်

, updated

ဘယ်အားကစားနည်းတွေ ယှဉ်ပြိုင်မယ်ဆိုတာတော့ မသိရသေးပါဘူး။

play

 

၂၀၁၇ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပမယ့် (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ ဆုတံဆိပ် ရနိုင်ချေရှိတဲ့ အားကစားနည်းတွေမှာပဲ ဦးစားပေးယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့ အားကစားနဲ့ ကာယပညာဦးစီးဌာနကနေ သိရပါတယ်။

အားကစားနည်း ၃၈ မျိုး ထည့်သွင်းကျင်းပမယ့် ဒီပြိုင်ပွဲကို ၂၀၁၇ သြဂုတ် ၁၉ ရက်ကနေ ၃၁ ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး ထည့်သွင်းကျင်းပမယ့် အားကစားနည်းတွေမှာ မြန်မာတွေနဲ့  ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့အားကစားနည်းအသစ်တွေ ပါဝင်လာလို့ အခုလို စီစဉ်တာလို့ ဆိုပါတယ်။

play

 

‘‘မြန်မာက အားသန်ပြီး ဆုရနိုင်ခြေများတဲ့ အားကစားနည်းတွေကို ဦးစားပေးယှဉ်ပြိုင်ရမှာပေါ့။ လောလောဆယ် ဘယ်အားကစားနည်းတွေ သွားပြိုင်မယ်ဆိုတာ မပြောနိုင်သေးပါဘူး’’လို့ အားကစားနဲ့ ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်က ပြောပါတယ်။

မြန်မာ အားသာတဲ့ လှေလှော် (ရိုးရာလှေ၊ ကနူး/ကယက်၊ အနောက်တိုင်းလှေ၊ ကာယဗလ၊ ကမ်ပို၊ ဗိုဗီနမ်စတဲ့ အားကစားနည်းတွေ မပါဝင်လို့  မြန်မာအားကစားအဖွဲ့အတွက် ရွှေတံဆိပ်ရရှိနိုင်မှုအရေအတွက် လျော့ကျဖွယ်ရှိနေတယ်လို့ သိရပါတယ်။

၂၀၁၅ စင်ကာပူဆီးဂိမ်းမှာ မြန်မာအားကစားအဖွဲ့တွေက ရွှေ ၁၂ ခု၊ ငွေ ၂၆ ခုနဲ့ ကြေး ၃၁ ခုရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်ခုနစ်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Source : 7DayDaily

Photos : themalaymailonline

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ