Local: ပရီးမီးယားလိဂ် ပွဲစဉ်အချို့ကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ပြမယ်

တစ်ရက်ကို တစ်ပွဲနှုန်းနဲ့ တိုက်ရိုက် ပြသပေးမှာဖြစ်ပါတယ်။

play

 

အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံး ပွဲစဉ်အချို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ MRTV En-tertainment ရုပ်သံလိုင်းမှ တိုက်ရိုက်ပြသပေးသွားမယ်လို့ သိရပါတယ်။ 

၂၀၁၆-၁၇ ပရီးမီးယားလိဂ် ဘောလုံးရာသီပွဲစဉ်တွေကို အပတ်စဉ် တိုက်ရိုက်ပြသပေးသွားမှာ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်တွေ ပြသခွင့်ကို မြန်မာနိုင်ငံမှာ Sky Net က ရရှိထားတာ ဖြစ်ပြီး  Sky Net ရုပ်သံလိုင်းနဲ့ နှစ်ဖက်သဘောတူညီမှု ရယူကာ ပြသတာ ဖြစ်တယ်လို့သိရပါတယ်။

စနေ၊ တနင်္ဂနွေရက်တွေမှာ တစ်ရက်ကို တစ်ပွဲနှုန်းနဲ့ တိုက်ရိုက် ပြသပေးမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ သြဂုတ်လ ၁၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos : tuoitrenews

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ