Local: သြဂုတ် ၂ ရက်နေ့တွင် ဆူဇူကီးဖလား အုပ်စုပွဲစဉ်များကို မဲနှိုက်ရေးဆွဲမယ်

နိုဝင်ဘာ ၁၉ ရက်နေ့မှာ စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဆူဇူကီးဖလားအတွက် အုပ်စုပွဲစဉ်တွေကို သြဂုတ် ၂ ရက်နေ့မှာ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ မဲနှိုက်ရေးဆွဲသွားမယ်လို့ သိရပါတယ်။ 

၂၀၁၆ ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲရဲ့  အုပ် စု(က)ပွဲစဉ်တွေကို မြန်မာနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီး အုပ်စု(ခ) ပွဲစဉ်တွေကို ဖိလစ်ပိုင်နိုင်ငံတွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆူဇူကီးဖလားအုပ်စုအဆင့်မှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့က တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး ကမ္ဘောဒီးယား၊ တီမော၊ လာအို၊ ဘရူနိုင်းအသင်း တို့က ခြေစစ်ပွဲအဆင့်မှာ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲတွေကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ