Local: အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပွဲ ကြိုတင်လက်မှတ်တွေ မနက်ဖြန်စရောင်းမယ်

ရိုးရိုးတန်း (၁၀၀၀)ကျပ်နဲ့ အထူးတန်း (၃၀၀၀)ကျပ် သတ်မှတ်ထားပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့မန္တလာသီရိ အားကစားကွင်းမှာ လက်ခံကျင်းပမယ့် ၂၀၁၆ ခုနှစ် အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်လက်မှတ်တွေကို မနက်ဖြန် ဇူလိုင်လ ၂၄ ရက်နေ့ မနက် (၉း၀၀)နာရီကနေ ညနေ(၅း၀၀)နာရီ အထိ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

မန္တလေးမြို့က ဗထူးအားကစားကွင်း၊ အားကာသိပံ္ပ၊  မန္တလာသီရိ အားကစားကွင်းနဲ့ မြန်မာဘောလုံးအကယ်ဒမီတို့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

play

 

လက်မှတ်ခ နှုန်းထားတွေကတော့ ရိုးရိုးတန်း (၁၀၀၀)ကျပ်နဲ့ အထူးတန်း (၃၀၀၀)ကျပ်ဖြစ်ပြီး ပွဲစဉ်တွေအတိုင်း လက်မှတ်တစ်စောင်ကို နှစ်ပွဲနှုန်း ကြည့်ရှုအားပေးနိုင်တယ်လို့ သိရပါတယ်။

အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပွဲပြိုင်ပွဲကို ဇူလိုင် (၂၆) ရက်ကနေ သြဂုတ် (၄)ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းက အုပ်စု(ခ)မှာ သြစတြေးလျ ယူ၂၀၊ မလေးရှား၊ တီမော အသင်းတွေနဲ့ အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ