Local: အာဆီယံအမျိုးသမီးချန်ပီယံရှစ် အုပ်စုအဖွင့် ပွဲစဉ်မှာ မြန်မာအနိုင်ရမယ်လို့ ဆို

မြန်မာအမျိုးသမီးအသင်းမှာ ဒဏ်ရာရကစားသမား မရှိဘူးလို့ ဆိုပါတယ်။

play

 

ဇူလိုင် ၂၆ ရက်ကနေ ဩဂုတ် ၄ ရက်အထိ မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ကျင်းပမယ့်   အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ တီမောအသင်းနဲ့ ပွဲစဉ်ကို အနိုင်ရရှိဖို့ ယုံကြည်မှုရှိနေတယ်လို့ မြန်မာအသင်း နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးက ပြောလိုက်ပါတယ်။

play

 

‘‘တီမောအသင်းနဲ့ ကစားရမယ့် အုပ်စုပထမပွဲစဉ်မှာ အနိုင်ရရှိဖို့ အရေးကြီးတယ်။ ဒီပွဲကို အနိုင်ရရှိအောင် ကြိုးစားသွားမှာပါ။ အနိုင်ရမယ်လို့လည်း ယုံကြည်ပါတယ်။ အခုလက်ရှိ အသင်းမှာ ဒဏ်ရာရကစားသမား မရှိတဲ့အတွက် အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ’’လို့ ဦးအေးမောင်ကြီးက ပြောပါတယ်။

မြန်မာအမျိုးသမီးအသင်းက ဇူလိုင် ၂၇ ရက်မှာ တီမောအသင်း၊ ဇူလိုင် ၂၉ ရက်မှာ မလေးရှားအသင်း၊ ဇူလိုင် ၃၁ ရက်မှာ ဩစတြေးလျ ယူ-၂၀ အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

play

 

အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက် ထိုင်း၊ ဗီယက်နမ်နဲ့ မြန်မာအသင်းတို့က ချန်ပီယံဆုနှစ်ကြိမ်စီ ရရှိထားပြီး မြန်မာအမျိုးသမီးအသင်းက ပြိုင်ပွဲနောက်ဆုံး လေးကြိမ်မှာ ဗိုလ်လုပွဲကို သုံးကြိမ် တက်ရောက်နိုင်ခဲ့ပေမဲ့ ဒုတိယဆုတွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ