Local: ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲတွေအတွက် ပြည်ပဒိုင်ငှားဖို့ ညှိနှိုင်းနေ

, updated

ကုန်ကျစရိတ်များတာကြောင့် ဒီနှစ်အတွက် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

play

 

၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်တွေကစပြီး ဗိုလ်လုပွဲအထိ ထိုင်းနိုင်ငံက ကွင်းလယ်ဒိုင်ကို ငှားရမ်းအသုံးပြုခဲ့ပေမယ့် ကုန်ကျစရိတ်များတာကြောင့် ဒီနှစ်အတွက် ညှိနှိုင်းတွေ ပြုလုပ်နေတယ်လို့  မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က ပြောပါတယ်။

‘‘ပြည်ပဒိုင် ငှားမယ်၊ မငှား ဘူးဆိုတာ မသိသေးဘူး။ ညှိနှိုင်း ရဦးမယ်။ ကျွန်တော့်သဘောအရဆိုရင် မငှားချင်ဘူး။ ပြည်တွင်း ဒိုင်တွေကိုပဲ ကိုင်တွယ်စေချင်တယ်။ ပြည်ပဒိုင်ငှားရင် ကုန်ကျစရိတ်က အရမ်းများတယ်’’လို့  ဦးစိုးမိုးကျော်က ပြောပါတယ်။

play

 

ဒါပေမဲ့ အကြိုဗိုလ်လုပွဲရောက် အသင်းနှစ်သင်းဖြစ်တဲ့ ရတနာပုံနဲ့ရန်ကုန်ယူနိုက်တက်တာဝန်ရှိသူတွေကတော့ ပြည်ပဒိုင်တွေကို ကိုင်တွယ်စေချင်ကြတယ်လို့ ပြောပါတယ်။

၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဆီမီးဖိုင်နယ်အဆင့်ကို အိမ်ကွင်း အဝေးကွင်း စနစ်နဲ့ နှစ်ကျော့၊ ယှဉ်ပြိုင်မှာဖြစ်ပြီး ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရတနာပုံနှင့် ရန်ကုန်ယူနိုက်တက်တို့ တွေ့ဆုံနေပြီး အခြားပွဲစဉ်မှာ မကွေးနဲ့ ဇွဲကပင်အသင်းတို့ တွေဆုံနေကာ ဒီပွဲစဉ်တွေကို ဇူလိုင် ၃၀ နဲ့ ၃၁ ရက်တွေမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Themnl

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ