Local: အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို တိုက်ရိုက်ပြမယ်

မြန်မာ့ရုပ်မြင်သံကြားနဲ့ MRTV-4 ရဲ့ အခပေးရုပ်သံလိုင်းဖြစ်တဲ့ For Sports ကနေ ပြသသွားမှာပါ။

play

 

မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ ဇူလိုင် ၂၆ ရက်ကနေ သြဂုတ် ၄ ရက်အထိကျင်းပမယ့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပွဲစဉ်တွေထဲက မြန်မာအမျိုးသမီးအသင်းပွဲစကစားမယ့် ပွဲစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ MRTV-4 ရဲ့ အခပေးရုပ်သံလိုင်းဖြစ်တဲ့ For Sports မှာလည်း တိုက်ရိုက်ပြသသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးစိုးမိုးကျော်က ပြောပါတယ်။

play

 

မြန်မာအမျိုးသမီးအသင်းက ဇူလိုင် ၂၇ ရက်မှာ အဖွင့်ပွဲစဉ်အနေနဲ့ အရှေ့တီမောအသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဇူလိုင် ၂၉ မှာ မလေးရှား၊ ဇူလိုင် ၃၁ ရက်မှာ သြစတြေးလျယူ ၂၀ အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Source : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ