Local: အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်း မြန်မာအသင်းထုတ်ပြန်

အပြီးသတ်လူစာရင်းကို ဇူလိုင် ၂၅ ရက်မှာထုတ်ပြန်ခဲ့တာပါ။

play

 

ဇူလိုင် ၂၆ ရက်မှာ စတင်ကျင်းပမယ့် ၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအမျိုးသမီးအသင်းမှာ အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ရော်ဂျာရိုင်နာ (နယ်သာလန်)၊ နည်းစနစ်အကြံပေး- ဦးအေးမောင်ကြီး၊ လက်ထောက်နည်းပြဦးအောင်နိုင်နဲ့ ဒေါ်သက်သက်ဝင်း၊ ဂိုးနည်းပြ-ဦးကိုကိုအောင်တို့ပါဝင်ပြီး ကစားသမားတွေအနေနဲ့ ဂိုး-မြဖူးငုံ၊ ဇာဇာမြင့်၊ ခတ္တာဦး၊ နောက်တန်း-ခင်သန်းဝေ၊ ဇင်မာဝင်း၊ ဝေဝေအောင်၊ ဖူးပွင့်ခိုင်၊ လဲ့လဲ့လှိုင်၊ အေးမျိုးမြတ်၊ ဇင်မာထွန်း၊ အေးအေးမိုး၊ အလယ်တန်း-စန်းစန်းမော်၊ ဝင်းသိင်္ဂီထွန်း၊ နော်အားလိုဝါးဖော၊ ခင်မာလာထွန်း၊ မေသူကျော်၊ လှယဉ်ဝင်း၊ ရူပါခိုင်၊ မေစံပယ်ဖူး၊ နီလာဝင်း၊ ခင်မိုမိုထွန်းနဲ့ ရှေ့တန်း-ခင်မိုးဝေနဲ့ ရီရီဦးတို့ ပါဝင်လာပါတယ်။

မြန်မာအမျိုးသမီးအသင်းမှာ မေဇင်နွယ် (ဂိုး)၊ ငယ်ငယ်ထွေးနဲ့ ခင်ပြည့်လင်းတို့ ကျန်ခဲ့ပြီး လက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူထားတဲ့ စန်းစန်းမော်နဲ့ မြဖူးငုံ (ဂိုး)တို့မှာ အပြီးသတ်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

Source & Photo : Myawaddy

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ