Local: မြန်မာအမျိုးသမီးအသင်း အရှေ့တီမောအသင်းကို အလွယ်အကူအနိုင်ယူနိုင်မှာလား

, updated

အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ဖို့ အုပ်စုတွင်းပွဲစဉ်အားလုံးကို အနိုင်ရထားဖို့ လိုအပ်နေပါတယ်။

Liveticker

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)မှာ ကျရောက်နေတဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်းက အုပ်စုတွင်းပွဲစဉ် ပွဲဦးထွက်အနေနဲ့ ဒီနေ့ည ၆ နာရီအချိန်မှာ အရှေ့တီမောအသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

အိမ်ရှင်အဖြစ် တတိယအကြိမ်လက်ခံကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ရည်ရွယ်နေတဲ့ မြန်မာအမျိုးသမီးအသင်းအနေနဲ့ အကြိုဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ဖို့ အုပ်စုတွင်းပွဲစဉ်တွေအားလုံးကို အနိုင်ရထားဖို့ လိုအပ်နေပါတယ်။

play

 

မြန်မာအမျိုးသမီးအသင်းက အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ အရှေ့တီမောအသင်းနဲ့ ဇူလိုင်လ ၂၇ ရက်၊  မလေးရှားနဲ့ ဇူလိုင်လ ၂၉ ရက်နဲ့  သြစတြေးလျှ ယူ-၂၀ အသင်းနဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကစားရမှာဖြစ်ပါတယ်။

အုပ်စုတွင်းပြိုင်ဘက်ဖြစ်တဲ့ မလေးရှားအသင်းကို မြန်မာအမျိုးသမီးအသင်းက ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာစီးရထားပေမယ့် သြစတြေးလျှ ယူ-၂၀ အသင်းကိုတော့ သတိထားကစားရမယ်လို့ မြန်မာအသင်းတာဝန်ရှိသူတွေက သုံးသပ်ကြပါတယ်။ မြန်မာအသင်းနဲ့ သြစတြေးလျှအသင်းက ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ သုံးကြိမ်တွေ့ဆုံထားပြီး မြန်မာက တစ်ပွဲနိုင်ထားကာ သြစတြေးလျှအသင်းက နှစ်ပွဲနိုင်ထားပါတယ်။

ပြိုင်ပွဲဝင်တွေထဲမှာ အားအနည်းဆုံးဖြစ်တဲ့ အရှေ့တီမောအသင်းနဲ့ အရင်က မတွေ့ဆုံဘူးသေးပေမယ့် ပွဲဦးထွက်အနိုင်ရရှိအောင် ကစားသွားမယ်လို့ မြန်မာအမျိုးသမီးအသင်း နည်းစနစ်အကြံပေး ဦးအေးမောင်ကြီးက ပြောထားပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ