Local: အရှေ့တီမောကို ဂိုးတစ်ဒါဇင်ခွဲနီးပါးသွင်းပြီး ပွဲထွက်ကောင်းခဲ့တဲ့ မြန်မာအမျိုးသမီးအသင်း

, updated

ဒီနေ့ပွဲက အရှေ့တီမောအသင်းအတွက် ပထမဆုံးနိုင်ငံတကာပွဲဖြစ်လို့ အစစအရာရာမယှဉ်နိုင်ခဲ့ပဲ ရှုံးနိမ့်ခဲ့တာပါ။

play

 

မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ ကျင်းပနေတဲ့ ၂၀၁၆ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲရဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ဒုတိယပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းက အရှေ့တီမောအသင်းကို ၁၇-၀ နဲ့ ဂိုးပြတ်အနိုင်ရပြီး ပွဲဦးထွက် မျက်နှာပန်းလှသွားခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်က အရှေ့တီမောအသင်းအမျိုးသမီးအသင်းအတွက် ပထမဆုံးနိုင်ငံတကာပွဲစဉ်ဖြစ်တာကြောင့် အိမ်ရှင်မြန်မာအသင်းကို အစစအရာရာမယှဉ်နိုင်ပဲ အခုလို့ဂိုးပြတ် ရှုံးနိမ်ခဲ့ရတာလည်းဖြစ်ပါတယ်။

play

 

မြန်မာအသင်းက ပွဲစတာနဲ့ တီမောအသင်းဘက်ကို ဆက်တိုက်ထိုးဖောက်တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံး အရှေ့တီမောအသင်းက မြန်မာဂိုးပေါက်ကို တစ်ခါမှ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

ပွဲစပြီး နှစ်မိနစ်ကျော်ကျော်မှာပဲ မြန်မာအမျိုးသမီးအသင်းက ၀င်းင်္သဂီထွန်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ရှစ်မိနစ်ကျော်မှာ ခင်မာလာထွန်းက ဒုတိယဂိုး၊ ပွဲချိန် ၁၂ မိနစ်ကျော်မှာ ၀င့်င်္သဂီထွန်းက ပင်နယ်တီကနေ တတိယဂိုးနဲ့ ၁၈ မိနစ်မှာလည်း ၀င့်င်္သဂီထွန်းကပဲ လေးဂိုးမြောက်သွင်းယူနိုင်ခဲ့ပါတယ်။

play

 

နောက်ပိုင်းမှာလည်း မြန်မာအသင်းကပဲ ဆက်တိုက်ဖိကစားနိုင်ခဲ့ပြီး ရီရီဦး၊ မေသူကျော်၊ ခင်မာလာထွန်းနဲ့ ၀င့်င်္သဂီထွန်းတို့ကပဲ နောက်ထပ် အနိုင်ဂိုးခုနစ်ဂိုး ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မြန်မာအမျိုးသမီးအသင်းကပဲ ပွဲချိန်ပြည့်ဆက်တိုက်ထိုးဖောက်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၄၊ ၅၉၊ ၆၅၊ ၇၁၊ ၇၅ နဲ့ မိနစ် ၉၀ တို့မှာ နောက်ထပ်အနိုင်ဂိုးတွေသွင်းယူပြီး ၁၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ