Local: ယူ ၁၉ လေးနိုင်ငံ ဖိတ်ခေါ်ပွဲအတွက် ဗီယက်နမ်ပဲ အကြောင်းပြန်သေး

စင်ကာပူ၊ မလေးရှားနဲ့ ဗီယက်နမ်အသင်းတွေကို ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံက လက်ခံကျင်းပဖို့ စီစဉ်ထားတဲ့ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲနဲ့ပက်သက်ပြီး ဗီယက်နမ် ယူ-၁၉ အသင်းကသာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အကြောင်းပြန်ထားသေးတယ်လို့ သိရပါတယ်။

အဆိုပါလေးနိုင်ငံ ဖိတ်ခေါ်ပွဲဟာ ၂၀၁၆ အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုအနေနဲ့ သြဂုတ်လထဲ ရန်ကုန်မှာ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ဖို့ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်အသင်းတွေ အပါအဝင် အာရှနာမည်ကြီး အသင်းတစ်သင်းကို ဖိတ်ကြားထားပေမဲ့  ဗီယက်နမ် ယူ-၁၉ ကသာ အကြောင်းပြန်ထားတာ ဖြစ်ပါတယ်။

 ၂၀၁၆ အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို ဗီယမ်နမ်နိုင်ငံမှာ စက်တင်ဘာလအတွင်း ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု (ခ) မှာ  ထိုင်း၊ လာအို၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ