Local: အကြိုဗိုလ်လုပွဲတက်ဖို့ မလေးရှားကို မြန်မာဂိုးပြတ်သွင်းမှာလား

အုပ်စုဗိုလ်အဖြစ်တက်ရောက်နိုင်ဖို့ မြန်မာအသင်းအနေနဲ့ ဂိုးပြတ်သွင်းထားဖို့ လိုအပ်နေပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(ခ) ဒုတိယနေ့ ပွဲစဉ်တွေမှာ မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့က ဒီနေ့ညနေ ညနေ ၆နာရီမှာ မန္တလာသီရီ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးအသင်းက အုပ်စု အဖွင့်ပွဲစဉ်မှာ အရှေ့တီမောအသင်းကို ၁၇-၀ ဂိုး နဲ့အနိုင်ရရှိထားပြီး အုပ်စုတွင်းပြိုင်ဘက် သြစတြေးလျအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။ ဒီနေ့ပွဲစဉ်ရဲ့ ပထမပွဲမှာ သြစတြေးလျှအသင်းနဲ့ အရှေ့တီမောအသင်းတို့က ကစားရမှာဖြစ်တာကြောင့် အုပ်စုဗိုလ်အဖြစ်တက်ရောက်နိုင်ဖို့ မြန်မာအသင်းအနေနဲ့ ဂိုးပြတ်သွင်းထားဖို့ လည်းလိုအပ်နေပါသေးတယ်။

play

 

လာမယ် ၃၁ ရက်နေ့မှာ ကစားရမယ့် အုပ်စု(ခ)ပွဲစဉ်တွေမှာ မြန်မာအသင်းက သြစတြေးလျယူ-၂၀ အသင်းနဲ့ကစားရမှာဖြစ်ပြီး အရှေ့တီမောအသင်းနဲ့ မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(က)ပွဲစဉ်တွေမှာတော့ ဗီယက်နမ်အသင်းက အုပ်စုပထမနဲ့ထိုင်းအသင်းက အုပ်စုဒုတိယရရှိပြီး   ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ