Local: မြန်မာအမျိုးသမီးအသင်း အကြိုဗိုလ်လုပွဲတက်

play

 

၂၀၁၆ အာဆီယံအမျိုး သမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ မလေးရှားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အကြိုဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ မန္တလေးမြို့ မန္တလာသီရိကွင်းမှာ ဇူလိုင် ၂၉ ရက်နေ့က ကစားခဲ့ကြတာဖြစ်ပြီး ခင်မိုးဝေ၊ ဝင်းသိင်္ဂီထွန်းတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပွဲစလို့ ၁၅ မိနစ်အကျော်မှာ မလေးရှားက အဖွင့်ဂိုး စတင်သွင်းယူခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှ မြန်မာအသင်းက ပင်နယ်တီက တစ်ဆင့် ချေပဂိုး ပြန်လည်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အုပ်စု (ခ) ရဲ့ အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့  သြစတြေးလျနဲ့ တီမောအသင်းတို့ရဲ့ ပွဲစဉ်မှာ သြစတြေးလျက ၂၀-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 လက်ကျန်ပွဲတွေ ရှိနေပေမဲ့ အုပ်စု(ခ)ရဲ့ ဒုတိယပွဲစဉ်တွေ အပြီးမှာပဲ မြန်မာနဲ့ သြစတြေးလျတို့ဟာ အကြိုဗိုလ်ပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ