Local: သြစတြေးလျနဲ့အတူ အကြိုဗိုလ်လုပွဲတက်သွားတဲ့ မြန်မာအမျိုးသမီးအသင်း

အုပ်စုပထမနေရာရဖို့ အားထည့်ကစားခဲ့တာကြောင့် ပရိသတ်သဘောကျတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၁၆ အာဆီယံအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်မု(ခ)နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မြန်မာအမျိုးသမီးအသင်းနဲ့ သြစတြေးလျ ယူ-၂၀ အသင်းတို့ ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေကျသွားခဲ့ပါတယ်။

ဒီနှစ်သင်းစလုံးက အကြိုဗိုလ်လုပွဲကို တက်ရောက်ပြီးသားဖြစ်နေပေမယ့် အုပ်စုပထမနေရာရဖို့ အတွက်နှစ်သင်းစလုံး အားထည့်ကစားခဲ့တာကြောင့် ပရိသတ်သဘောကျတဲ့ ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

play

 

မြန်မာအမျိုးသမီးအသင်းက သြစတြေးလျ ယူ-၂၀ အသင်းကို တစ်ဦးချင်းဘောလုံးကျွမ်းကျင်မှုနဲ့ ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့ပေမယ့် ကြိုးစားကစားခဲ့လို့ ပထမပိုင်းမှာပဲ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ်လေးဆယ်မှာ မြန်မာအသင်းက ခင်မိုးဝေက သြစတြေးလျ ဂိုးသမားရှေ့ထွက်နေတာကို အခွင့်ကောင်းယူပြီး ကွင်းလယ်ကနေ အမှတ်မထင်ကန်သွင်းပြီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ သြစတြေးလျအသင်းက မြန်မာအသင်းဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့်တွေမရခဲ့ဘဲ ပွဲချိန် ၇၆ မိနှစ်ရောက်မှ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာအသင်းက သြစတြေးလျအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့်တွေမရခဲ့ပါဘူး။

အုပ်စုဒုတိယအနေနဲ့ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းက လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ ဗီယက်နမ်အမျိုးသမီးအသင်းနဲ့ အကြိုဗိုလ်လုပွဲ ကစားရမှာပါ။

Photos : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ