Local: ရတနာပုံအသင်း နိုင်ငံတကာပွဲတွေ ကစားခွင့်ရဖို့ သြစတြေးလျကစားသမားကို လျော်ကြေးပေးရမယ်

ကလပ်လိုင်စင်ရဖို့ ငွေကြေးအရှုပ်အရှင်း ကင်းရှင်းရမည်ဆိုတဲ့ အချက်ပါ ၀င်နေပါတယ်။

play

 

၂၀၁၆  မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်း နိုင်ငံတကာပွဲတွေကို ၀င်ရောက်ကစားနိုင်ဖို့ အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ သြစတြေးလျကစားသမား ဂျိမ်းမေယာကို လျော်ကြေးပေးရတော့မယ်လို့ ရတနာပုံအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC)ရဲ့သတ်မှတ်ချက်အရ ကလပ်အသင်းရဲ့ ငွေကြေးစီမံမှုအပိုင်းမှာ ကစားသမားတွေနဲ့ ငွေကြေးအရှုပ်အရှင်း ကင်းရှင်းရမည်ဆိုတဲ့ အချက်ပါ ၀င်နေလို့ ကလပ်လိုင်စင်ပြုလုပ်ရာမှာ ဒီအချက်က အနည်းငယ် ငြိစွန်းနေတာပါ။

play

 

‘‘ဂျိမ်းမေယာကို မူလက လျော်ကြေး ဒေါ်လာကိုးသောင်း ပေးရမယ်။ အခုလက်ရှိတော့ ဘယ်လောက်ပေးရမယ်ဆိုတာ မသိသေးဘူး။ AFC ကို စာတင်ထားတော့ သူတို့ဘက်က အကြောင်း မပြန်သေးဘူး။ ဒီကိစ္စက ကလပ် လိုင်စင်လုပ်တဲ့နေရာမှာ အနည်း ငယ်တော့ ငြိစွန်းနေတယ်ဆိုပေ မယ့် အသင်းဘက်ကတော့ လိုင် စင်ရဖို့အတွက် လုပ်စရာရှိတာ တွေလုပ်ထားတယ်’’လို့ ရတနာပုံအသင်း တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၆ မြန်မာလိဂ်ချန်ပီယံ ရတနာပုံအသင်းက လာမည့် ၂၀၁၇ ဘောလုံးရာသီမှာ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပေမယ့် ကလပ်လိုင်စင် မရရင် ဒီပြိုင်ပွဲအပြင် AFC Cup ပြိုင်ပွဲကိုပါ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။

Source : 7DayDaily

Photos : Yadanarbon FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ