Local: မြန်မာအသင်း ဗီယက်နမ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲတက်မှာလား

မြန်မာနဲ့ ဗီယက်နမ် နောက်ဆုံးတွေ့ဆုံထားတဲ့ ငါးပွဲမှာ ဗီယက်နမ်က လေးပွဲနိုင်ထားပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်တွေကို လာမယ့် သြဂုတ်လ ၂ ရက်နေ့ ညနေ ၃ နာရီမှာ ထိုင်းအသင်းနဲ့ ဩစတြေးလျအသင်း၊ ညနေ ၆ နာရီမှာ အိမ်ရှင်မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

play

 

ပထမအကြိုဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမယ့် ထိုင်းအသင်းနဲ့ ဩစတြေးလျအသင်းတို့ ပွဲစဉ်က ခြေစွမ်းမကွာတဲ့ အသင်းတွေ ဖြစ်တာကြောင့် အကြိတ်အနယ်ရှိမှာဖြစ်သလို အိမ်ရှင်မြန်မာအသင်းနဲ့  ဗီယက်နမ်အသင်းတို့ပွဲစဉ်ကလည်း အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ခုဖြစ်လာမှာ သေချာပါတယ်။

အုပ်စုပွဲစဉ်တွေက ခြေစွမ်းတွေအရ ၂၀၀၆ နဲ့ ၂၀၁၂ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲထားတဲ့ ဗီယက်နမ်အသင်းက ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ပေးဂိုးတစ်ဂိုးမှမရှိသေးဘဲ အတောင့်တင်းဆုံး အသင်းတစ်သင်းဖြစ်တာကြောင့်  မြန်မာအမျိုးသမီးအသင်းအတွက် ရုန်းကန်ရမယ့် အနေအထားရှိနေပါတယ်။

play

 

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲမှာ ဗီယက်နမ်အသင်းက လေးကြိမ်အနိုင်ရထားပြီး ၂၀၁၂ ဗီယက်နမ်မှာပြုလုပ်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ဂိုးမရှိ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ