Local: ဗီယက်နမ်ကို နိုင်မယ်လို့ ယုံကြည်ထားကြောင်း မြန်မာအမျိုးသမီးအသင်းနည်းပြ ပြော

, updated

မြန်မာနဲ့ နောက်ဆုံး ငါးကြိမ်တွေ့ဆုံထားရာမှာဗီယက်နမ်အမျိုးသမီးဟာ ငါးကြိမ်စလုံးအနိုင်ရထားပါတယ်။

play

 

ဗီယက်နမ်အသင်းနဲ့ပွဲဟာ ခက်ခဲပေမဲ့ အနိုင်ရရှိမယ်လို့ ယုံကြည်ထားကြောင်း မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ်က ပြောကြားလိုက်ပါတယ်။

ဗီယက်နမ်အသင်းဟာ အသင်းလိုက် စုစည်းမှုအားကောင်းတာကြောင့် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ပေမဲ့ အနိုင်ရမယ်လို့ ယုံကြည်တယ်လို့ မြန်မာအမျိုးသမီးအသင်းနည်းပြ ရော်ဂျာက ပြောကြားထားတာ ဖြစ်ပါတယ်။ မြန်မာနဲ့ နောက်ဆုံး ငါးကြိမ်တွေ့ဆုံထားရာမှာ ဗီယက်နမ်အမျိုးသမီးဟာ ငါးကြိမ်စလုံးအနိုင်ရထားပါတယ်။

အကြိုဗိုလ်လုပွဲစဉ်အဖြစ် မြန်မာနဲ့ ဗီယက်နမ်တို့ဟာ သြဂုတ် ၂ ရက် (ယနေ့) ညနေ ၆ နာရီမှာ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အခြားအကြိုဗိုလ်လုပွဲစဉ်ဖြစ်တဲ့ သြစတြေးလျနဲ့ လက်ရှိချန်ပီယံထိုင်းတို့ ပွဲစဉ်ကတော့ မွန်းလွဲသုံးနာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဗီယက်နမ်ပွဲစဉ်ကို မူလက ၃ နာရီမှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ လာကြည့်မယ့် ပရိသတ်အဆင်ပြေစေဖို့ ညနေ ၆ နာရီကို ပြောင်းလဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ