Local: ယူ-၁၉ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ မန္တလေးမြို့မှာ ကျင်းပဦးမယ်

လောလောဆယ်မှာတော့ ဗီယက်နမ် ယူ-၁၉ တစ်သင်းပဲ အကြောင်းပြန်ကြားထားပါတယ်။

play

 

၂၀၁၆ အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲအကြို လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို မန္တလေးမြို့ မန္တလာသီရိကွင်းမှာကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

သြဂုတ် တတိယပတ်အတွင်းကျင်းပဖို့ စီစဉ်ထားတဲ့ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဗီယက်နမ် ယူ-၁၉ လက်ရွေးစင်အသင်း၊ မလေးရှား ယူ-၁၉ လက်ရွေးစင်အသင်းနဲ့  ဂျပန်ဂျေလိဂ် ယူ-၁၉ (All Star) အသင်းတို့ကို ဖိတ်ကြားထားတယ်လို့ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

‘‘လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို မန္တလေးမြို့မှာကျင်းပဖို့ စီစဉ်နေတယ်။ ကျိန်းသေတော့ ပြောလို့မရသေးဘူး။ အခုလက်ရှိ အသင်းတွေကို ဖိတ်ကြားထား တုန်းပဲရှိသေးတယ်။ ဘယ်အသင်းတွေ လာပြိုင်မယ်ဆိုတာ အတိအကျသိရင် ပြိုင်ပွဲလုပ်မယ့် နေရာကို အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်သွားမှာပါ’’လို့ အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ဒီပြိုင်ပွဲကိုလာရာက်ယှဉ်ပြိုင်ဖို့  ဗီယက်နမ် ယူ-၁၉ တစ်သင်းပဲ အကြောင်းပြန်ကြားထားသေးတယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ