Local: မြန်မာအသင်းအုပ်စုကြပ်ထဲရောက်နေတဲ့ ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ

play

 

မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၁၆ အာဆီယံဆူဇူကီဖလားဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲမှာ မြန်မာအသင်းက ဗီယက်နမ်၊ မလေးရှားးအသင်းနဲ့ ခြေစစ်ပွဲအောင်အသင်းတို့ နဲ့ အုပ်စု(ခ)မှာ ကျရောက်ခဲ့ပါတယ်။

play

 

အုပ်စု(က) မှာတော့ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့အတူတူကျရောက်နေခဲ့ပြီး မြန်မာအသင်း ပါဝင်တဲ့ အုပ်စု(ခ) ပွဲစဉ်တွေကိုတော့ နိုဝင်ဘာ ၂၀ ရက်မှာ စတင်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မြန်မာအသင်းရဲ့အုပ်စုအဖွင့်ပွဲကို ဗီယက်နမ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

play

 

ဆူဇူကီးဖလား ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၇ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး ပြိုင်ပွဲထုံးစံအတိုင်း ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကို တက်ရောက်လာတဲ့ အသင်းတွေရဲ့ အိမ်ကွင်းတွေမှာ နှစ်ကျော့စနစ်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။

၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ မြန်မာအသင်းပွဲစဉ်များ

နိုဝင်ဘာ ၂၀     မြန်မာ – ဗီယက်နမ်

နိုဝင်ဘာ ၂၃    ခြေစစ်ပွဲအောင် အသင်း – မြန်မာ

နိုဝင်ဘာ ၂၆    မြန်မာ – မလေးရှား

Source : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ