Local: ဆူဇူကီးဖလားမှာ ပရိသတ်တွေ စည်းကမ်းရှိရှိအားပေးဖို့ ဦးဇော်ဇော်တိုက်တွန်း

အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမယ့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းအုပ်စုအဆင့်ကို တက်ရောက်နိုင်ရေးအတွက် ပရိသတ်တွေအနေနဲ့ စည်းကမ်းရှိရှိ အားပေးကြဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်မှာကျင်းပခဲ့တဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲအပြီးမှာ မီဒီယာတွေကို အခုလိုပြောကြားခဲ့တာဖြစ်ပြီး မြန်မာအသင်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

play

 

"ကြိုးစားရင် ဘာပဲပြောပြောကျနော်တို့အတွက်အုပ်စုလွတ်နိုင်တဲ့အနေအထားရှိပါတယ်၊ အကောင်းဖြစ်အောင်ပြင်ဆင်ရမှာ ကျနော်တို့တာဝန်ပါ"လို့ မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ပြောပါတယ်။

မန္တလေးမြို့မန္တလာသိရီအားကစားကွင်းမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအကြိုဗိုလ်လုပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ပွဲစဉ်ကို ဆိုးသွမ်းပရိသတ်တွေကြောင့် တစ်နာရီနီးပါး ရပ်နားခဲ့ရပါတယ်။

၂၀၁၆ အာဆီယံဆူဇူကီးဖလားလောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပြီး မြန်မာအသင်းပါဝင်တဲ့ အုပ်စု(ခ)ပွဲစဉ်တွေကို ရန်ကုန်မြို့အောင်ဆန်းအားကစားကွင်းနဲ့ သုဝဏ္ဏကွင်းတို့မှာ ကျင်းပမှာဖြစ်ပါတယ်။

Source : 7DayTV

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ