Local: သြစတြေးလျကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး မြန်မာအမျိုးသမီးအသင်း တတိယနေရာရ

ပွဲချိန်မိနစ် ၂၀ မှာ ၀င်းင်္သဂီထွန်း သွင်းဂိုးနဲ့ အနိုင်ရခဲ့တာပါ။

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲမှာ မြန်မာအမျိုးသမီး အသင်းက သြစတြေးလျအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး တတိယနေရာ ရရှိသွားပါတယ်။

ဒီနေ့ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းက သြစတြေးလျ အသင်းကိုပွဲစကတည်းက ဖိအားပေးကစားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ မြန်မာအသင်းက သြစတြေးလျအမျိုးသမီးအသင်းဘက်ကို အနိုင်ဂိုးရဖို့ဆက်တိုက် ဖိကစားခဲ့ပြီး ပွဲချိန်မိနစ် ၂၀ မှာ ၀င်းင်္သဂီထွန်းက မြန်မာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

 

ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ မြန်မာအသင်းဘက်ကို သြစတြေးလျအသင်းက ချေပဂိုးပြန်ရဖို့ ဆက်တိုက်ဖိအားပေးကစားခဲ့ပေမယ့် မြန်မာအသင်းကတစ်သင်းလုံးပိတ်ဆို့ ကစားခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။

ဒုတိယပိုင်းမှာ သြစတြေးလျအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ မြန်မာအသင်းဘက်ကို ဖိအားပေးပြီး ခြေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ မြန်မာအမျိုးသမီးအသင်းက သက်လုံနဲ့တစ်ဦးချင်းစွမ်းရည်ပိုင်းမှာ သြစတြေးလျအသင်းကို မယှဉ်နိုင်ဘဲ ခံစစ်အနေအထားနဲ့ပဲ ကစားခဲ့ရပြီး အနိုင်ရလဒ်ကို မိနစ် ၉၀ အထိ ထိန်းထားနိုင်ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ တတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ