Local: ၂၀၁၆ အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ဝင်းသိင်္ဂီထွန်း ဂိုးသွင်းအများဆုံး ဖြစ်

မြဝတီအက်ဖ်စီ အမျိုးသမီးအသင်းကနေ ထွက်ပေါ်လာတဲ့ လူငယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။

play

 

၂၀၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးမှာ မြန်မာအသင်းက ဝင်းသိင်္ဂီထွန်း ဖြစ်တယ်လို့ သိရပါတယ်။ 

 မြန်မာအမျိုးသမီးကွင်းလယ် တောင်ပံကစားသမား ဝင်းသိင်္ဂီထွန်းဟာ သွင်းဂိုးကိုးဂိုးနဲ့ ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဗီယက်နမ်အမျိုးသမီးအသင်း တိုက်စစ်မှူး ငုယင်သီမွန်က သွင်းဂိုးခြောက်ဂိုးနဲ့ ဒုတိယနေရာမှာ ရှိခဲ့တာဖြစ်ပါတယ်။ ဝင်းသိင်္ဂီထွန်းဟာ တီမောအသင်းနဲ့ပွဲမှာ ငါးဂိုး၊ မလေးရှားနဲ့ပွဲမှာ တစ်ဂိုး၊ ဗီယက်နမ်အသင်းနဲ့ အကြိုဗိုလ်လုပွဲမှာ နှစ်ဂိုးနဲ့ ဩစတြေးလျ ယူ-၂၀ အသင်းနဲ့ တတိယနေရာလုပွဲမှာ တစ်ဂိုး စုစုပေါင်း ကိုးဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၁)နှစ်အရွယ် ဝင်းသိင်္ဂီထွန်းဟာ ကစားဖော်တွေအတွက်လည်း ဂိုးသွင်းခွင့်တွေ ဖန်တီးပေးနိုင်ခဲ့ပြီး မြဝတီအက်ဖ်စီ အမျိုးသမီးအသင်းကနေ ထွက်ပေါ်လာတဲ့ လူငယ်ကစားသမားတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ