Local: လေးနိုင်ငံ ယူ-၁၉ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ မန္တလေးမြို့မှာ ကျင်းပမယ်

ထိုင်း ယူ-၁၉၊ ဗီယက်နမ် ယူ-၁၉ အသင်းနဲ့ ဂျေလိပ်ဆာပေါ်ရို ယူ-၁၈ အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ်လို့ ဆိုပါတယ်။

play
လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအတွက် လေ့ကျင့်မှုများပြုလုပ်နေသည့် မြန်မာ ယူ-၁၉ အသင်း။

 

လေးနိုင်ငံ ပါဝင်ယှဉ်ပြိုင်မယ့် ယူ-၁၉ ဘောလုံးပြိုင်ပွဲတစ်ခုကို သြဂုတ်လ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းမှာ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းက လာမယ့် စက်တင်ဘာလထဲမှာ ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် အာဆီယံယူ-၁၉ လူငယ်ဘောလုံး
ပြိုင်ပွဲဝင်ပြိုင်ဖို့ရှိနေလို့ အကြိုခြေစမ်းပွဲအနေနဲ့ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ကျင်းပတာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာ အိမ်ရှင် မြန်မာ ယူ-၁၉ အသင်း၊ ထိုင်း ယူ-၁၉၊ ဗီယက်နမ် ယူ-၁၉ အသင်းနဲ့ ဂျေလိပ်ဆာပေါ်ရို ယူ-၁၈ အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲမှာ ချန်ပီယံအသင်းကို ဆုဖလား၊ ဆုတံဆိပ်နဲ့ ကန်ဒေါ်လာ ၁၅၀၀၀၊ ဒုတိယဆုရ အသင်းကို ဆုတံဆိပ်နဲ့ ကန်ဒေါ်လာ ၁၀၀၀၀၊ တတိယဆုရ အသင်းကို  ဆုတံဆိပ်နဲ့ ကန်ဒေါ်လာ ၅၀၀၀ ချီးမြှင့်သွားမယ်လို့ သိရပြီး ပွဲစဉ်ဇယားနဲ့ ကွင်းဝင်ကြေးကို ဆက်လက် ထုတ်ပြန် သွားမယ်လို့ သိရပါတယ်။

Source & Photo : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ