Local: ထွန်းထွန်းမင်းနဲ့ တူးတူးထိုးမယ့်ပွဲကို နိုဝင်ဘာမှာ ကျင်းပမယ်

အရင်းနှီးဆုံး သူငယ်ချင်းက စိန်ခေါ်တာကြောင့် ယှဉ်ပြိုင်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်။

play

 

ထွန်းထွန်းမင်းနဲ့ တူးတူး ထိုးသတ်မယ့်ပွဲကို နိုဝင်ဘာလထဲမှာ ကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ တူးတူးက လက်ရှိမြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို စိန်ခေါ်တဲ့  မြန်မာပြည်အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲကြီးဖြစ်ပြီး ထွန်းထွန်းမင်းဟာ အောက်တိုဘာလကုန်ထိ ပွဲတွေလက်ခံထားတာကြောင့် နိုဝင်ဘာလမှာ ကျင်းပတာဖြစ်ပါတယ်။

အရင်းနှီးဆုံး သူငယ်ချင်းက စိန်ခေါ်တာကြောင့် ယှဉ်ပြိုင်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပြီး ချန်ပီယံဆိုတာ နှစ်ယောက်ရှိလို့ မရကြောင်း ထွန်းထွန်းမင်းက ပြောကြားပါတယ်။ အသက် ၂၄ နှစ်အရွယ် ထွန်းထွန်းမင်းဟာ ၂၀၁၄ ခုနှစ်က စောငမန်းကို အလဲထိုးကာ မြန်မာပြည်ချန်ပီယံဖြစ်လာခဲ့သူဖြစ်ပြီး နောက်ပိုင်းစိန်ခေါ်သူတွေကိုလည်း အလဲထိုးနဲ့ အနိုင်ရရှိထားပါတယ်။

play

 

ငယ်ငယ်ကတည်းက သူ့ရဲ့ စိတ်ကူးဟာ မြန်မာပြည်အလွတ်တန်းချန်ပီယံဖြစ်ဖို့ ဖြစ်ပြီး လက်ရှိအချိန်မှာ ချန်ပီယံဖြစ်ဖို့ အကောင်းဆုံးအနေအထားရှိနေတယ်လို့ အသက် ၂၆ နှစ်အရွယ် တူးတူးကလည်း ပြောကြားထားပါတယ်။

Source: 7Day Day
Photos : Kumudra, Tun Tun Min- ထွန်းထွန်းမင်း(Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ