Local: မြန်မာဒိုင်ကိုအရေးယူပေးဖို့ အာဆီယံဘောလုံးအဖွဲ့ချုပ်ကို ဗီယက်နမ်တိုင်ကြားမယ်လို့ဆို

မြန်မာကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်မှားယွင်းတယ်ဆိုပြီး တိုင်ကြားမှာပါ။

play
ထိုင်းအသင်းကို ပင်နယ်ဆီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့သည့် ဗီယက်နမ်အမျိုးသမီးအသင်း။

 

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် (VFF) က အာဆီယံအမျိုးသမီး ချန်ပီယံဗိုလ်လုပွဲမှာ ကွင်းလယ်ဒိုင်ရဲ့မှားယွင်းတဲ့ ဆုံဖြတ်ချက်ကြောင့် ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ရတယ်ဆိုပြီး အရေးယူတာတွေလုပ်ပေးဖို့ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)ကို တိုင်ကြားသွားမယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတွင် ဗီယက်နမ်အသင်းက ငုယင်သီလျူရဲ့ ပင်နယ်တီအနိုင်ဂိုးကို မြန်မာဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးက ပယ်ဖျက်ခဲ့ပေမယ့် ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေကတော့ ငုယင်သီလျူက အောင်မြင်စွာ သွင်းယူနိုင်ခဲ့ပြီး ဘောလုံးက ဂိုးစည်းကို ကျော်ခဲ့တယ်လို့  ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

play

 

“ဒိုင်ရဲ့အမှားကို ပြန်လည်စီစစ်ဖို့နဲ့ တရားဝင်တောင်းပန်ဖို့ AFF ကို တောင်းဆိုထားပါတယ်။ ဗိုလ်လုပွဲမတိုင်မီ နှစ်ရက်ကပဲ အကြိုဗိုလ်လုပွဲမှာ ဗီယက်နမ်က မြန်မာကို နိုင်ထားတဲ့အတွက် မြန်မာဒိုင်ကို တာဝန်မပေးသင့်ပါဘူး။ ဒိုင်က ပြိုင်ပွဲအဖြေကို ပြောင်းသွားစေတဲ့အမှား ကျူးလွန်ခဲ့တာပါ”လို့ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။

Source : The Ladies News

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ