Local: မြန်မာအမျိုးသမီးအသင်းနည်းပြ ရိုင်ယန်ရော်ဂျာကို စာချူပ်သက်တမ်းတိုး

, updated

မြန်မာအမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ စွမ်းဆောင်ရည်ကို သဘောကျလို့ သက်တမ်းတိုးခဲ့တာပါ။

play

 

မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းပြချုပ် နယ်သာလန်နိုင်ငံသား ရိုင်ရန်ရော်ဂျာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တစ်နှစ်နဲ့ရှစ်လ သက်တမ်းရှိတဲ့ စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။

စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးကပ်နေတဲ့ နည်းပြရော်ဂျာနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အပါအ၀င် တာဝန်ရှိသူတွေ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

play

 

"မြန်မာအမျိုးသမီးအသင်းမှာ မျိုးဆက်သစ် ကစားသမားတွေလည်း ရှိနေတဲ့အတွက် မြန်မာ့လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအထိ သွားနိုင်တဲ့ အသင်းတစ်သင်းပါ။ ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ပံ့ပိုးမှုတွေကြောင့် အသင်းနဲ့ ဆက်လက် လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာပါ"လို့ မြန်မာ့အမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာက ပြောပါတယ်။

play

 

မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ စွမ်းဆောင်ရည်တွေကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သဘောကျပြီး မလေးရှားနိုင်ငံမှာ ကျင်းပမယ့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အောင်မြင်မှုရအောင် လုပ်ပေးဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ