Local: တောင်ကြီးမှာ ဘောလုံးအကယ်ဒမီဆောက်မယ့် ရှမ်းယူနိုက်တက် အသင်း

ရှမ်းပြည်နယ်က ဘောလုံးဝါသနာရှင်လူငယ်တွေ တက်ရောက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။

play

 

ရှမ်းယူနိုက်တက်အသင်းဟာ တောင်ကြီးမှာ ဘောလုံးအကယ်ဒမီတည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

တည်ဆောက်မှုကို ပြုလုပ်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်ဆီ မြေနေရာတင်ပြတောင်းခံထားပြီး ရှမ်းပြည်နယ်က ဘောလုံးဝါသနာရှင်လူငယ်တွေ တက်ရောက်သင်ကြားနိုင်မယ်လို့ ရှမ်းယူနိုက်တက်အသင်းမန်နေဂျာ ဦးရဲမျိုးထွန်းက ပြောထားပါတယ်။  မြေနေရာငှားဖို့အတွက် စာတင်ထားတာဟာ နှစ်လကျော်လောက်ရှိနေပြီး  မြေနေရာရဖို့လိုအပ်တယ်လို့လည်း ဦးရဲမျိုးထွန်းက ဆိုပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ လူငယ်အသင်းအတွက် ရှမ်းပြည်နယ်အတွင်းက အလားအလာရှိတဲ့ ကစားသမားတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်းက ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လူငယ်ဘောလုံးပြိုင်ပွဲတွေမှာ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ပြိုင်ဖို့  ပြည်နယ်အတွင်းက လူငယ်တွေကို  ရွေးချယ်ကာ ကူညီထောက်ပံ့ပေးထားတယ်လို့လည်း သိရပါတယ်။

Source: 7Day Daily
Photos : Shan United FC(Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ