Local: ဘရာဇီး မသန်စွမ်းအိုလံပစ်မှာ မြန်မာအားကစားသမား နှစ်ဦး ပြိုင်မယ်

ကျော်ကျော်ဝင်းက ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် (၁၁) ရှိပါတယ်။

play

 

ဘရာဇီးမသန်စွမ်းအိုလံပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အားကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

၂၀၁၆ ရီယို အိုလံပစ် အားကစားပြိုင်ပွဲအပြီး နှစ်ပတ်ကျော်အကြာမှာ မသန်စွမ်း အိုလံပစ်ပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပြီး ပြေးခုန်ပစ်နဲ့ အားကစားနည်း ၂၃ မျိုးမှာ ပြိုင်ပွဲအမျိုးအစား ၅၂၆ ခု ထည့်သွင်း ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရေကူးအားကစားနည်းတွေမှာ အားကစားသမားနှစ်ဦး ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ကျော်ကျော်ဝင်း၊ မီတာ ၁၀၀ ပက်လက်ရေကူးပြိုင်ပွဲမှာ အောင်မြင့်မြတ်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ရရှိခက်ခဲပေမဲ့ အဆင့်သတ်မှတ်ချက် ပိုကောင်းလာဖို့ မျှော်လင့်ထားတယ်လို့  မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

 ကျော်ကျော်ဝင်းက ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် (၁၁) ရှိပြီး  အောင်မြင့်မြတ်က ကမ္ဘာ့အဆင့် (၁၈) ၀န်းကျင်မှာရှိတယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ