Local: ထွန်းထွန်းမင်းနဲ့ တူးတူးပွဲကိုကျင်းပဖို့ ဇေကော်ပိုရေးရှင်းက အမြင့်ဆုံးကြေးပေးထား

ဒီလက်ဝှေ့ လောကမှာ ဘယ်သူမှ မပေးသေးတဲ့ အမြင့်ဆုံးကြေးပေးပြီး ယှဉ် ပြိုင်စေမှာဖြစ်တယ်လို့ ဦးဇေသီဟကပြောပါတယ်။

 

လက်ရှိ ချန်ပီယံထွန်းထွန်းမင်းနဲ့ တူးတူးတို့ ယှဉ်ပြိုင်မယ့်ပွဲကို ကျင်းပဖို့  ဇေကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးဇေသီဟက အမြင့်ဆုံးကြေးပေး ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။  တူးတူးက လက်ရှိမြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို စိန်ခေါ်တဲ့ပွဲဖြစ်ပြီး အခြားအဖွဲ့တွေကလည်း အဆိုပါပွဲကို ကျင်းပဖို့ ကမ်းလှမ်းထားပါတယ်။

 

ဇေကော်ပိုရေးရှင်းရဲ့ ကမ်းလှမ်းချက်ကို  ထွန်းထွန်းမင်းနဲ့တူးတူးတို့က   အကြောင်းပြန်ခြင်း မရှိသေးဘူးလို့ ဦးဇေသီဟက ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်မှာ ရေးသားထားပါတယ်။ သူတို့နှစ်ယောက် ရှားရှား ပါးပါးထိုးတဲ့ပွဲကို ဖြစ်အောင် စီစဉ်ပေးချင်တာဖြစ်ပြီး ဒီလက်ဝှေ့ လောကမှာ ဘယ်သူမှ မပေးသေးတဲ့ အမြင့်ဆုံးကြေးပေးပြီး ယှဉ် ပြိုင်စေမှာဖြစ်တယ်လို့ ဦးဇေသီဟက ဆိုပါတယ်။

ထွန်းထွန်းမင်းဟာ ၂၀၁၄ ခုနှစ်က စောငမန်းကို အလဲထိုးကာ မြန်မာပြည်ချန်ပီယံဖြစ်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းစိန်ခေါ်သူတွေကိုလည်း အလဲထိုးထားသူဖြစ်ပါတယ်။

Source: 7Day Daily
Photos : Kumudra, Tun Tun Min- ထွန်းထွန်းမင်း(Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ