Local: ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲမှာ နိုင်နိုင်လင်းဗိုလ်စွဲ

, updated

သတ်မှတ်ရိုက်ချက်ထက် ၁၄ ချက်လျှော့ရိုက်ကာ ပရိုဖက်ရှင်နယ်အဆင့်ပြိုင်ပွဲမှာ  ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

play

 

ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပရိုဖက်ရှင်နယ်အဆင့်မှာ နိုင်နိုင်လင်းက ဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နဲ့ မြန်မာပီဂျီအေတို့ပူးပေါင်း ကျင်းပတဲ့၂၀၁၆ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ရေတံခွန်တောင်ဂေါက်ကွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နိုင်နိုင်လင်းက လေးရက် စုစုပေါင်းရိုက်ချက် ၂၇၄ ချက်နဲ့ သတ်မှတ်ရိုက်ချက်ထက် ၁၄ ချက်လျှော့ရိုက်ကာ ပရိုဖက်ရှင်နယ်အဆင့်ပြိုင်ပွဲမှာ  ဗိုလ်စွဲခဲ့တာဖြစ်ပြီး ရန်မျိုးအေးက ဒုတိယနဲ့ မင်းနိုင်က တတိယ ရရှိခဲ့ပါတယ်။

၂၀၁၆ ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲရဲ့ ပရိုဖက်ရှင်နယ်အဆင့်မှာ  ကစားသမား ၃၅ ဦး၊ အပျော်တမ်းအဆင့် အမျိုးသားပြိုင်ပွဲမှာ ကစားသမား ၁၂၅ ဦးနဲ့ အမျိုးသမီးပြိုင်ပွဲမှာ ကစားသမား ၂၀ ဦး ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily,  ဂေါက်သီးအဖွဲ့ချုပ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ