Local: လက်ရွေးစင်ဖူဆယ်အသင်းကို ကိုင်တွယ်ဖို့ နည်းပြသုံးဦး ကမ်းလှမ်းထား

ယခင် အီရန်လူမျိုးနည်းပြ ဆာအိနဲ့ စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး။

play

 

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းကို ကိုင်တွယ်ဖို့ နည်းပြသုံးဦးက ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ လစ်လပ်နေတဲ့ အဆိုပါနေရာအတွက် ဘရာဇီး၊ ပေါ်တူဂီနဲ့ တူရကီ နည်းပြသုံးဦးရဲ့ ကမ်းလှမ်းမှုကို ရရှိထားတာဖြစ်ပါတယ်။

 အောက်တိုဘာမှာ ကျင်းပမယ့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်မတိုင်မီ လက်ရွေးစင်ဖူဆယ်အသင်းအတွက် ပြည်ပနည်းပြတစ်ဦးခန့်အပ်မှာဖြစ်ပြီး သုံးဦးထဲကနေ စိစစ်ရွေးချယ်သွားမှာဖြစ်တယ်လို့   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောထားပါတယ်။

ယခင် အီရန်လူမျိုးနည်းပြ ဆာအိနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြည့်ခဲ့တာဖြစ်ပြီး စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့လည်း ပြောကြားထားပါတယ်။ လက်ရှိမှာ လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းကို  လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းနည်းပြ ဦးဌေးမြင့်က ယာယီကိုင်တွယ်နေတာဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ