Local: မြန်မာအသင်းရဲ့အခြေအနေကြောင့် ခြေစမ်းဖို့ အသင်းတွေ ဖိတ်ခေါ်ရာမှာ အခက်အခဲရှိနေ

မြန်မာထက်အဆင့်မြင့်တဲ့  အသင်းတွေနဲ့ သူတို့ဘက်က ကစားချင်တယ်။

play

 

ကမ္ဘာ့အဆင့်သတ်မှတ်ချက် နိမ့်ပါးနေတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့အခြေအနေကြောင့် ခြေစွမ်းမြင့်မားတဲ့အသင်းတွေနဲ့ ခြေစမ်းကစားဖို့ ဖိတ်ခေါ်ရာမှာ အခက်အခဲဖြစ်နေတယ်လို့  မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်း သိရပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ  ရန်ကုန်မြို့မှာ နိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲကစားဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြိုးစားနေပြီး နိုင်ငံ့လက်ရွေးစင် ခုနစ်သင်းကို ဖိတ်ကြားထားပေမဲ့ သဘောတူညီမှုမရသေးပါဘူး။  ကိုယ့်ထက်အင်အားကြီးတဲ့ အသင်းတွေနဲ့ကစားဖို့ တရားဝင် ကမ်းလှမ်းပေမဲ့ မြန်မာထက်အဆင့်မြင့်တဲ့  အသင်းတွေနဲ့ သူတို့ဘက်က ကစားချင်တာကြောင့် ခြေစမ်းပွဲက အခက်အခဲတစ်ခုဖြစ်နေတယ်လို့ အဖွဲ့ချုပ်တာဝန်ရှိသူက ပြောကြားထားတာ ဖြစ်ပါတယ်။

လာအို၊ ဘရူနိုင်းလို အသင်းတွေနဲ့ ခြေစမ်းကစားဖို့ဟာ လွယ်ကူပေမဲ့ မြန်မာအတွက် အကျိုးမထူးဘူးလို့လည်း ပြောကြားထားပါတယ်။

Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ