Local: မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ဥရောပ ငါးနိုင်ငံကို ခြေစမ်းခရီးသွားမယ်

ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနဲ့ ဆိုက်ပရပ်စ်နိုင်ငံတွေမှာ လေ့ကျင့်မှုတွေပြုလုပ်သွားမှာပါ။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲအတွက် အကြိုပြင်ဆင်တဲ့အနေနဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက ဂျာမနီနိုင်ငံ အပါအဝင် ဥရောပငါးနိုင်ငံကို ခြေစမ်းခရီးစဉ် သွားရောက်မယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းက ဂျာမနီ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနဲ့ ဆိုက်ပရပ်စ်နိုင်ငံတွေမှာ လေ့ကျင့်မှုတွေပြုလုပ်ရင်း ခြေစမ်းပွဲတွေကစားသွားမှာဖြစ်ကာ ခြေစမ်းပွဲကစားမယ့်အသင်းနဲ့ ကစားမယ့်အချိန်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

မြန်မာအသင်းအနေနဲ့ စက်တင်ဘာ ၁၀ ရက်မှာ ဂျာမနီနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံကို အောက်တိုဘာ ၁၅ ရက်မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းကို မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွေပြီးဆုံးမယ့် သြဂုတ် ၂၃ ရက်မှာ စတင်စုစည်း လေ့ကျင့်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ ကစားသမား ၂၆ ဦးကို ရွေးချယ်ထားပါတယ်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်း

 ဂိုး – ကျော်ဇင်ဖြိုး(မကွေး)၊ ရန်အောင်လင်း(ရတနာပုံ)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်း)။

နောက်တန်း – နန္ဒကျော်၊ကျော်ဇင်လွင် (မကွေး)၊ ဟိန်းသီဟဇော်၊ဇော်လင်း (ရှမ်းယူနိုက်တက်)၊ ဖြိုးဖြပိုင်စိုး (ဇေယျာရွှေမြေ)၊ ဇော်မင်းထွန်း၊ဒေးဗစ်ထန်(ရန်ကုန်)၊ ဖြိုး ကိုကိုသိန်း (ဧရာဝတီယူနိုက်တက်)၊ အောင်ဇော် (ဟံသာဝတီ)။

အလယ်တန်း – မျိုးကိုထွန်း ၊ လှိုင်းဘိုဘို ၊ရဲကိုဦး၊အောင်သူ (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)၊

ရန်နိုင်ဦး (ရှမ်းယူနိုက်တက်)၊ ဆော်လမန် (ချင်းယူနိုက်တက်)၊ သီဟဇော် (ဧရာဝတီ)၊ မောင်မောင်လွင် (ဟံသာဝတီ)။

ရှေ့တန်း – ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ ဝင်းနိုင်စိုး (ရတနာပုံ)။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ