Local: စက်တင်ဘာလမှာ အောင်လအန်ဆန် မြန်မာပြည်ကို လာမယ်

ရုရှားနိုင်ငံသား Bigdashနှင့် အောင်လအန်ဆန်တို့ ယှဉ်ပြိုင်ဖို့စီစဉ်ထားပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

play

 

မြန်မာနိုင်ငံမှာ ကျင်းပမယ့် One Championship(MMA) ပွဲအတွက် ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို အောင်လအန်ဆန်တက်ရောက်မယ်လို့ သိရပါတယ်။

play

 

သတင်းစာရှင်းလင်းပွဲနဲ့ လူမှုရေးအစီစဉ်တွေအတွက် အောင်လအန်ဆန်ဟာ စက်တင်ဘာ ၄ ရက်ကနေ  ၉ ရက်အထိ ရန်ကုန်မြို့ကို လာရောက်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသား အားကစားရုံမှာ ကျင်းပမယ့် MMA ပွဲအတွက် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ရုရှားနိုင်ငံသား Bigdashနှင့် အောင်လအန်ဆန်တို့ ယှဉ်ပြိုင်ဖို့စီစဉ်ထားပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

play

 

ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းနဲ့ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး  အောင်လနဲ့ Bigdash တို့ ယှဉ်ပြိုင်နိုင်ဖို့ One Championship အဖွဲ့ကလည်း  ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။  ရုရှားနိုင်ငံသား Bigdash ဟာ ရှစ်ပွဲကစားပြီး ရှစ်ပွဲစလုံးအနိုင်ရထားကာ အောင်လက  ၂၇ ပွဲ ယှဉ်ပြိုင်ထားကာ ၁၈ ပွဲ နိုင် ၉ ပွဲ ရှုံးထားပါတယ်။

Source: 7Day Daily
Photos : Mizzima, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ